top of page
Search

ကိုယ့် ရဲ့ Tax ကို လျော့ချနိုင်မယ့်အချက် ၁၂ ချက်

  • Writer: KS Tax Service
    KS Tax Service
  • Aug 8
  • 2 min read

Updated: Sep 6

ဒီနေ့ ကျွန်မတို့ရဲ့ Tax ကို တရားဝင်နည်း နဲ့ ဘယ်လို လျော့ချနိုင်မလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်မ အပါအဝင် ဘာ်သူမှ ကိုယ် မမျှော်လင့်ထားတဲ့ Tax bill ကို မလိုချင်ပါဘူးနော်။ အဲဒီလိုမျိုး surprise ကို မရအောင် ကျွန်မတို့ ဘယ်လို လုပ်လို့ရလဲ?

W4

W4 ဆိုတာ ကိုယ့်ရဲ့ အလုပ်ရှင်ကို ကိုယ့် Paycheck ထဲက income tax ကို ဘယ်လောက် ဖြတ်ပါဆိုတာ ပြောတာပါ။ ကိုယ့်ရဲ့ ဝင်ငွေ နဲ့ လိုက်ပြီး လုံလုံလောက်လောက် မဖြတ်ထားရင် Tax Filing လုပ်တဲ့ အခါကျရင် အလုံးအရင်း နဲ့ ပေးရတတ်ပါတယ်။


401K

401K ဆိုတာ ကိုယ့်ရဲ့ Paycheck ကနေဖြတ်ထားတဲ့ retirement saving ပါ။ 401K အတွက် စုထားတဲ့ amount တွေကို လောလောဆယ် Tax ပေးစရာမလိုပါ။ taxable income နည်းလေ ပေးရတဲ့ Tax က နည်းလေ ဆိုတော့ 401Kက ကိုယ့်ရဲ့ Tax ကို လျော့ချဖို့အတွက် အကောင်းဆုံး နည်းလမ်းထဲက တစ်ခုပါ။


IRA

IRA ဆိုတာ Individual retirement account ပါ။ သူ့မှာ ၂ မျိုးရှိပါတယ်။ Roth IRAs and traditional IRAs. Traditional IRA က taxable income ကိုလျော့ချဖို့ deduct လုပ်လို့ရပါတယ်။ ဒါကလည်း တခြား အချက်အလက် တွေပေါ်မှာ မူတည် နေဆိုတော့ အသေးစိတ် ကို နောက် post တစ်ခု နဲ့ တင်ပြပါမေ။


College Saving

College Saving ကတော့ 529 Plan လို့ခေါ်တဲ့ သားသမီး ပညာရေး အတွက် ပိုက်ဆံ စုထားတာပါ။ ဒါကတော့ Federal မှာ Tax Deductible မရပါ။ ဒါပေမဲ့ State အများစု မှာတော့ ရပါတယ်။


FSA

FSA ဆိုတာ Flexible spending account ပါ။ ကိုယ့်ရဲ့ အလုပ်ရှင်က FSA ကို offer လုပ်ရင်၊ အဲဒီ account ထဲ ကို ကိုယ့် ရဲ့ Paycheck ထဲက ဖြတ်ပြီး စုထားခြင်းဖြင့် ကိုယ့်ရဲ့ taxable income ကို လျော့ကျသွားပြီး Tax ကို သက်သာစေပါတယ်။


Dependent Care FSA

ဒါကတော့ ကိုယ် အလုပ် လုပ်နေတဲ့အချိန် ကိုယ့်ကလေးတွေကို before and after school programs ထားတာတို့၊ လူကြီးသူမတွေကို ပြုစုဖို့ လူခေါ်ထားတဲ့ စရိတ် တို့ကို company က offer လုပ်တာပါ။ အဲဒီ account ထဲကို contribute လုပ်ခြင်းဖြင့် ပေးရမယ့် Tax ကိုသက်သာစေပါတယ်။


HSA

HSA ဆိုတာ Health Saving Account ပါ။ ကိုယ့် မှာ high-deductible health care plan ရှိရင် HSA account ကို ဖွင့်လို့ရပါတယ်။ အဓိကတော့ ဆေးကုစရိတ် Medical Expense တွေကို ပေးဖို့ပါ။ ဒီ account မှာ စုထားတဲ့ ပိုက်ဆံ အတွက်လည်း Tax မပေးရတဲ့ အတွက် Tax သက်သာစေပါတယ်။


EITC

EITC ဆိုတာ earned income credit ပါ။ ဒီ Credit က IRS က သတ်မှတ်ထားတဲ့ ဝင်ငွေ ပမာဏ ထက် မကျော်ရပါဘူး။ Dependent ရှိ/ မရှိ ကို မူတည်ပြီး အသက် ကန့်သတ်ချက်လည်းရိပါသေးတယ်။ ဒီ credit က ကိုယ်ပေးရမယ့် Tax ကို ချေပေးတဲ့ အပြင် ပိုသွားရင် Refund အနေနဲ့ ရပါသေးတယ်။


Donation

Registered လုပ်ထားတဲ့ အဖွဲ့အစည်း တွေကို Cash လှူတာ၊ အဝတ်အစားလှူတာ၊ အစားအသောက် လှူတာတွေကို Deduct လုပ်လို့ရပါတယ်။ ဒါပေမယ့် Receipt / Record ရှိရပါမေ။ ဒါကလည်း Tax Payers တိုင်းတွက် မဟုတ်ပါ။ Itemized လုပ်တဲ့သူမှပါ။


Medical Expense

ကိုယ့်ရဲ့ ဆေးရုံ၊ ဆေးခန်းသွားထားတဲ့ စရိတ်တွေ၊ Insurance က ပေးတာမဟုတ်ပဲ ကိုယ့်အိပ်ထဲက ကုန်ထားတာတွေက ကိုယ့်ဝင်ငွေရဲ့ 7.5% အထက်ကို deduct လုပ်လို့ရပါတယ်။ ဒါကလည်း Donation လို Itemized လုပ်တဲ့ သူတွေအတွက်ပါပဲ။


Capital Loss

Stocks တွေ ကစားထားတာတွေ ရှိရင် မြတ်ရင် Capital gain၊ ရူံးရင် Capital Loss။ ကိုယ့်မြတ်ထားတဲ့ အမြတ်ကို အရူံး အများဆုံး $3000 ထိ deduct လုပ်လို့ရပါတယ်။


Timing Right

Tax ရူထောင့်ကနေ ကြည့်ရင် ဘယ်အရာမဆို အချိန်မှန် လုပ်ခြင်းဟာ ကိုယ့်အတွက် မလိုလားအပ်တဲ့ ကုန်ကျခြင်းမှ သက်သာစေပါတယ်။ Tax Filing ကို အချိန်မှန် မလုပ်၊ Extend လည်း မလုပ်ရင် Penalty Fee လာမယ်။ ပိုကုန်မေ။ ကိုယ်ပေးရမယ့် Tax-Deductible expense တွေကို မပေးပဲ နောက်တစ်နှစ်ရွှေ့သွားရင် ကိုယ်က အဲဒီ Benefit ကိုမရတော့ပါဘူး။

ကဲ ဒါကတော့ Tax သက်သာစေမယ့် အချက် 12 ချက်ပါ။



Eye-level view of a small business owner reviewing financial documents
A small business owner analyzing tax documents for better financial management.

 
 
 

Comments


bottom of page