top of page
Search

LLC မစခင် သိရမယ့် အမှား ၅ ခု

  • Writer: KS Tax Service
    KS Tax Service
  • Aug 8
  • 2 min read

Updated: Sep 6

အားလုံး သိကြတဲ့ အတိုင်း LLC က အရမ်း popular ဖြစ်တဲ့ business entity တစ်ခုပေါ့နော်။ LLC ဖွဲ့လိုက်ခြင်းဖြင့် ကိုယ့် personal နဲ့ business သပ်သပ်ကွဲသွားတယ်။ business နဲ့ ဆိုင်တဲ့ liability တွေက ကိုယ့်ရဲ့ personal risk သိပ်မရှိဘူး။ Business Credit ကို ဆောက်ထားလို့ရတယ်။ Ownership အပြောင်းအလဲ လုပ်ရတာ အရမ်းအဆင်ပြေတယ်။

အဲလိုဆိုတော့ LLC လုပ်တဲ့ အခါ လူအများစု လုပ်တတ်တဲ့ အမှားတွေက ဘာတွေလဲ?


LLC ကို မလိုအပ်ပဲ ဖွဲ့ထားခြင်း


LLC က လူတိုင်းသိတဲ့ business entity ဖြစ်ပေမယ့် business တိုင်းက မလိုအပ်ပါဘူး။ ဘာဖြစ်လဲလို့လဲ? LLC ဖွဲ့လိုက်ပြီ ဆိုရင် ကိုယ့်ရဲ့ state မှာ နှစ်တိုင်း Annual Report filing လုပ်ရပါတယ်။ အဲဒီ အတွက်လည်း state ကို ပိုက်ဆံ ပေးရပါတယ်။ ဒါက နှစ်စဉ် ကုန်ကျရမယ့် Cost. တခြား Cost တွေကတော့ LLC formation fee တို့၊ Tax Preparation Fee တို့ ရှိသေးတယ်။ တချို့ business တွေက ကြိုပြီးသာ ဖွဲ့ထားတာ profit က ဘာမှ မယ်မယ်ရရ မရှိသေးရင် LLC maintain လုပ်ရတဲ့ စရိတ်က နှစ်တိုင်း ရှိနေတာပေါ့ ။ ကိုယ့် ရဲ့ business က Single member sole proprietorship ဖြစ်နေမယ်၊ profit ကလည်း $50000 အောက်ပဲ ရှိနေမယ်၊ ကိုယ့် business ကို တရားစွခံရမယ့် အနေအထား တွေ မရှိဘူး ဆိုရင် သင်ဟာ LLC လုပ်ဖို့ မလိုအပ်ပါဘူး။ LLC ဖွဲ့ထားပြီး S-Corp တို့၊ Partnership တို့လုပ်ထားမှ ကိုယ့်အတွက် Tax benefit တွေ ရှိနိုင်ပါတယ်။


ကိုယ့်ရဲ့ အိမ်လိပ်စာကို သုံးခြင်း။


LLC အတွက် ကိုယ့်ရဲ့ လိပ်စာ ကို သုံးရင် ဒါဟာ public information ဖြစ်သွားပါပြီ။ ဘယ်သူ မဆို အလွယ်တကူ ရှာဖွယ်လို့ ရသလို ကိုယ်ပြောင်းတိုင်းလည်း update လုပ်ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ လူအများစုကတော့ ကိုယ့်ရဲ့ အိမ်လိပ်စာ ကို ပဲသုံးကြတာများပါတယ်။ တတ်နိုင်ရင် Registered Agent ကို ဖြစ်ဖြစ် Virtual address ကို ဖြစ်ဖြစ် သုံးလို့ရပါတယ်။


Available မဖြစ်တဲ့ LLC နာမည်ရွေးခြင်း

ကိုယ်ကတော့ သုများနဲ့ မတူတဲ့ နာမည်တစ်ခု ရွေးလိုက်ပေမယ့် တခြား လူ၊ အဖွဲ့အစည်း တစ်ခုခုက သုံးထားပြီးသား ဖြစ်နေရင် မလိုလားအပ်တဲ့ အကျိုးဆက် ဖြစ် လာနိုင်ပါတယ်။ ဥပမာ တရားစွဲ ခံရတာ၊ customer တွေ သူ့ business လို၊ ကိုယ့် business လ်ုလိုတွေ အထင်မှားခံရတာ။ ဒီလိုမျိုးတွေ မဖြစ်အောင် ဘာမှ မလုပ်ခင် ကိုယ် ရွေးထားတဲ့ နာမည် available ဖြစ်ရဲ့လား အရင်စစ်ရပါမယ်။

ဘယ်လို စစ်ရမလဲဆိုရင်

- State business search

- trademark database (USPTO)

- domain databases

- name similarity တွေမှာ စစ်လို့ရပါတယ်။


Missing Operating Agreement

ဒီ business မှာ ငါ တစ်ယောက်တည်း ငါလုပ်ချင်သလို လုပ်မယ်ဆိုရင် ပြသာနာ မရှိလောက်ဘူးလို့ ထင်ရပေမယ့် owner တစ်ယောက်ထက်ပိုလာရင် ဒီ agreement က လိုကို ၊ လိုအပ်ပါတယ်။ ဒီ agreement က မှ owners တွေကို ရာထူး၊ တာဝန်၊ profit ကိုဘယ်လို ခွဲမယ်၊ owner တွေကြား သဘောမတူ၊ အငြင်းပွားမှုတွေရှိရင် ဘယ်လို ​ေဖြရှင်းမယ်အစ အကုန်ပါ ပါတယ်။ ဒီ agreement သာမရှိရင် owner တွေကြား ပြဿနာ ဖြစ်လာခဲ့ရင် ရုံးရောက်၊ ဂတ်ရောက် တရားစွဲဆိုတဲ့ အဆင့်ထိ ဖြစ်တတ်ကြရပါတယ်။


Mixing Personal နဲ့ Business finances

ကိုယ့် ရဲ့ business အတွက် ကိုယ့်ရဲ့ personal bank account ကို သုံးခြင်းပါ။ LLC ဆိုတာ ကိုယ့်ရဲ့ personal assets တွေကို ကာကွယ်ပေးတယ်လို့ ပြောခဲ့ပါတယ်။ personal သပ်သပ်၊ business သပ်သပ် မဟုတ်ပဲ အကုန်ရောလိုက်တော့ ဒီ protection ကို မရနိူငါတော့ပါဘူး။

ကဲ LLC ဖွင့်ချင်တယ် ၊ Business တစ်ခု စတင်ချင်ရင် KS Tax and Business Service ကို ဆက်သွယ်လိုက်ပါနော်။



Close-up view of a person calculating taxes with a calculator and documents
A person calculating taxes with a calculator and tax documents on a desk.

By following these expert tips, you can set yourself up for success this tax season and beyond. Happy filing!

 
 
 

Comments


bottom of page